Best Myanmar Subtitled Movies

Powered by Jasper Roberts - Blog

Saturday, 30 July 2016

The silence of the lambs (1991) မြန်မာစာတန်းထိုး



GC ပရိတ်သတ်ကြီးအတွက် ဇာတ်လမ်းကောင်းလေးတွေအမြဲတင်ဆက်ပေးနေကြဖြစ်တဲ့အတွက်ဒီနေ့လည်း IMDB 8.6/10 Rotten Tomatoes 95% ရထားတဲ့ Crime drama အမျိုးအစားရုပ်ရှင်ဇာတ်လမ်းကောင်းလေးတစ်ကားကိုမိတ်ဆက်ပေးချင်ပါတယ်။ The Silence of the lambs ဟာအော်စကာငါးဆုရထားပြီး စာရေးဆရာသော်မတ်ဟာရစ်ရဲ့ The silence of the lambs ဝတ္တုကိုပြန်လည်အသက်သွင်းထားတာပဲဖြစ်ပါတယ်။ ဒါရိုက်တာ ဂျိုနသန်ဒမ်မီရိုက်ကူးထားပြီးတော့1990 ကျော်ကအတော်အောင်မြင်ခဲ့တဲ့ဇာတ်ကားတစ်ကားပါ ဘတ်ဂျက် 19မီလီယံလောက်ပဲသုံးခဲ့ပေမယ့် မီလီယံ နှစ်ရာကျော်ပြန်ရခဲ့တာမို့အတော်လေးအောင်မြင်ခဲ့တယ်လို့ဆိုရမှာပါ။ ဒီကားဟာ horror ကားတွေထဲကပထမဆုံး best picture ဆုရခဲ့တဲ့ကားလည်းဖြစ်ပါတယ်။ မင်းသားကြီးအန်တိုနီဟော့ကင်း မင်းသမီးဂျိုဒီဖော်စတာတို့ရဲ့ အံ့မခန်းသရုပ်ဆောင်မှုတွေကိုလည်းတွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ အမျိုးသမီးတွေကိုပစ်မှတ်ထားသတ်ဖြတ်နေတဲ့စိတ္တဇလူသတ်သမားဟာသူ့ရဲ့သားကောင်တွေကိုအရေခွံဆုတ်ထားလေ့ရှိပါတယ်။သူ့နာမည်ကတော့ကျွဲကြီးငဘေ ဒီအမှုကိုအက်ဖ်ဘီအိုင်ကအေးဂျင့်စတာလင်တစ်ယောက်ဖော်ထုတ်ဖို့အကြောင်းဖန်လာတဲ့အခါ ဘော်တီမိုးရဲ့သံတိုင်တွေနောက်ကွယ်က လူသားစားတဲ့လူသတ်သမားကြီးဒေါက်တာလပ်သာရဲ့အကြံဥာဏ်လိုလာတဲ့အခါ စိတ်ပညာရှင်ဆရာဝန်တစ်ဖြစ်လည်း ကွင်းဆက်လူသတ်သမားကြီးဟာနီဘလ်လပ်သာတစ်ယောက် ဒီအကွက်ကိုအသုံးချပြီးလွတ်မြောက်ဖို့ကြံစည်လာတဲ့အခါမှာတော့ ကြာချိန်မိနစ်တစ်ရာနှစ်ဆယ်နီးပါးရှိတဲ့ဒီဇာတ်ကားဟာတစ်ကားလုံးမပျင်းမရိရလေအောင်ဇာတ်ရှိန်မြင့်ဆွဲခေါ်သွားမှာမို့ ပရိတ်သတ်ကြီးအကြိုက်တွေ့ဦးမယ့်ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ သွေးသံရဲရဲအခန်းတစ်ချို့ပါဝင်တာကြောင့်ကလေးသူငယ်တွေကြည့်ဖို့တော့မသင့်ပါဘူး။ ဒီဇာတ်ကားကိုဘာသာပြန်ပေးထားတာကတော့ thoth ဖြစ်ပါတယ်။ encode လုပ်ပေးထားတာကတော့ဖြစ်ပါတယ်။

Translated by : Thoth
Encoded by : Invoker
Quality : 1080p

No comments:

Post a Comment

Search Movies

Contact Us

Name

Email *

Message *