Best Myanmar Subtitled Movies

Powered by Jasper Roberts - Blog

Friday, 18 November 2016

Theri (2016) မြန်မာစာတန်းထိုး

Imdb - 7.2/10

မင်္ဂလာပါ ခင်ဗျာ၊ Imdb user များရဲ့ Top-rated Indian Movies တွေထဲက တစ်ခုအပါအ၀င်ဖြစ်တဲ့ Theri  ဟာ Top-rated ဆိုတဲ့အတိုင်း ဇာတ်လမ်းဇာတ်အိမ် ခိုင်ခံ့ကောင်းမွန်ပြီးသား၊ ကြည့်ရှုသူကို အကောင်းဆုံး entertain လုပ်ပေးနိုင်မယ့် Movie ဖြစ်တယ်လို့ ညွှန်းဆိုပါရစေခင်ဗျ။ Indian Movie Soundtrack ခပ်လန်းလန်းလေးတွေ ပါဝင်တဲ့အပြင် ဗီလိန်သရုပ်ဆောင်တွေပါ မကျန်... စိတ်နှစ်ပြီး ကြိုးစားအားဖြည့်ထားရတာကိုတွေ့ရှိရတဲ့အတွက်ကြောင့်... ကြည့်ရတာ တန်တယ်ကွာ..လို့ .. မှတ်ချက်ချမိကြမှာမလွဲပါဘူးခင်ဗျ။
Theri ဆိုတဲ့တမီလ် ဘာသာစကား  ခေါင်းစဉ်လို အစိတ်စိတ်အမြွာမြွာ ကွဲထွက်မနေတဲ့ Theri ရဲ့ ဇါတ်ကြောင်းဟာ..  Hollywood ရဲ့ မင်းသားကြီး Liam Neeson ပါဝင်တဲ့ Taken movie sequel နဲ့ ယောင်ယောင်လေး တူပါတယ်။ အဓိက ကွဲပြားတာကတော့ Theri က Drama နဲ့ Action ကို သင့်တင့်မျှတအောင် ပေါင်းစပ်ထားတဲ့အပြင်... ရသမျိုးစုံပေးစွမ်းနိုင်အောင် ကြိုးစားထားတဲ့အတွက် အရှေ့တိုင်းရဲ့ Action ဇါတ်ကားတစ်ကား အထူးသဖြင့် တမီလ် ရုပ်ရှင်တွေထဲမှာ အတော်ကြီးကို အဆင့်အတန်းမြင့် တန်းဝင်တဲ့ Movie တစ်ခု အဖြစ် စာရင်းတို့ထားရမှာဖြစ်ပါတယ်။ အာဏာရှင် ဆန်ဆန် လူတစ်စုကြောင့်  မိသားစုဝင်အတော်များများနဲ့ သေကွဲကွဲခဲ့ရတဲ့ ရဲအရာရှိတစ်ယောက်ဟာ... အသက်လိုချစ်ရတဲ့ သမီးငယ်ကလေးဆီကို အန္တရာယ် ကျရောက်လာတဲ့အခါ...   သက်စွန့်ဆံဖျား ကြိုးစားကာကွယ်ရင်းက... အတိတ်မှာ ကျန်ခဲ့ပြီ ဖြစ်တဲ့ အရိပ်မည်းတစ်ချို့ထည့်ပေါင်းပြီး  သွေးကြွေး၊ ရန်ငြိုး၊ ကလဲ့စားတွေနဲ့ .. မီးဟုန်းဟုန်းတောက်နေတဲ့ ဖခင်တစ်ယောက်အဖြစ်၊ ရိုးသားကြိုးစားတဲ့ အရာရှိကောာင်းတစ်ယောက်ဘ၀ကနေ..  ဒုစရိုက်လောကထဲကို ခြေစုံပစ်ဝင်ပြီး မွှေနှောက်ထိုးဖောက်ဝင်ရောက်လာတဲ့..  ခပ်ကြမ်းကြမ်း လူတစ်ယောက်အဖြစ် မင်းသား Joseph Vijay ကို စိတ်အားရကျေနပ်စရာ ရှုစားကြရမှာဖြစ်ပါတယ်။ ကြည့်ရှုခဲ့ဖူးသမျှ Tamil Action Drama ဇါတ်ကားတွေထဲမှာ.. Theri ကတော့ဖြင့်... .. ပရိသတ်ကြီးအတွက် စိတ်နှစ်ပြီး ကြည့်ရှုဖို့ သင့်တော်တဲ့ Movie ဖြစ်တယ်လို့ ... Goldchannel မှ ညွှန်းဆိုပေးချင်ပါတယ်ခင်ဗျာ။
[ ရွှင်လန်းချမ်းမြေ့ကြပါစေ ]
Reviewed by: Sugar
Translated by: Zay Yar Myint
Encoded by: Hein Min Htet
Quality & Size:900/400mb

3 comments:

  1. အရမ်ကြိုက်ပီ.ကျေးဇူးတင်ပါတယ်

    ReplyDelete
  2. Indian Movie များကို များများတင်ပေးပါနော်..ဘာလိုလဲဆိုတော့ ဇာတ်လမ်းနဲ့ ဇာတ်အိမ်က အနစ်သာရရှိပြီးစကားပြောတွေကတော်တော့ကိုကောင်းပြီးရှုခင်းနဲ့ ရိုက်ကွင်းရိုက်ကွက်တွေဟာ နေရာအနှံ့အပြားမှာရိုက်ကူးထားလို့ ကြည့်ရတာ အရသာရှိလို့ ပါ.တကားဆို ဆိုသလောက်ကောင်းပါတယ်...ကျေးဇူးတင်ပါတယ်..

    ReplyDelete
  3. ကျေးဇူးပါနော်

    ReplyDelete

Search Movies

Contact Us

Name

Email *

Message *